ဘ၀ ဆိုတာ
ခဏလို့သာပြောကြတာ
နှစ်ဆယ်အသက်ပြည့်လှမ်းဖို့ရန်
တောင်အတက် ခရီးကြမ်းလို
အိပဲ့အိပဲ့နဲ့ ...။
နှစ်ဆယ်ကျော် လူဖြစ်လို့
အသက်ရယ် ခဏတာရပ်စေချင်ကာမှ
အဆင်းကို ဘီးတတ်ထားသလို
သုံးဆယ်ကို အုန်းကနဲဆိုပဲ...။
သုံးဆယ်ကျော်တော့
ပုန်းကွယ်ကာနေတာတောင်
ဘယ်တော့များလဲ အမေးခံရ၊
ရှောင်ဖယ်ကာနေပြန်ရင်လည်း
နောင်တကယ် တကိုယ်ထီးပဲ နေမှာလားတဲ့။
လေးဆယ်မပြည့်ခင် ဘေးဖယ်ကြ
ဈေးမ၀ယ်ကြဘူးဆို (အဲ ဘာမှလည်း မရောင်းပါဘူး)
ရပ်ကြည့်နေရုံနဲ့ အမြတ်မရှိပါဘူး၊
အကြောင်းသိအောင် ပေါင်းကြည့်ပါ။
ဒါဆိုပေါင်းကြည့်မယ်... ဟုတ်လား
ခက်လိုက်တာ မိန်းကလေးရယ်
ကဲ လေးဆယ်မပြည့်သေးဘူး၊ ဘေးဖယ်ပါဆို။
Friday, April 30, 2010
နှစ်ဆိတ်ဟိုင်း
Posted by
P.Ti
at
Friday, April 30, 2010
Labels: ကဗျာ
Subscribe to:
Post Comments (Atom)
13 comments:
နှစ်ဆိတ်တော့ အဟိုင်းမခံပါနဲ့ ကိုပီတိရယ်...
အချိန်ရှိတုန်းလေး ဖိတ်စာ မြန်မြန်ပို့ပါတော့...
Happy Birthday နော်...
ပျော်နေမှာ သိပါတယ်... ငှဲလျောင်း ငှဲလျောင်း...း))
အကိုပီတိ ဟိုသီချင်းဆိုပါလား။ ဟန်ထူးလွင်သီချင်းလေ။
“အယုတ်ရယ် အလတ်ရယ် အမြတ်တင်မကပါ။ ယောက္ခမမရွေးပါ။ ဘယ်ဂြိုလ်ဘာနက္ခတ်ဆိုက်လဲ။ ဘယ်အပျိုငါ့တဖက်သတ်ကြိုက်မလဲတွေး။ နားလည်ကြပါ မင်္ဂလာဆောင်သွားကြ၊ ကျွန်တော်သာကျန်ခဲ့ရ”။ ဟီး
ဟတ်ပီ ဘတ်ဒေး ကိုပီတိ
ပြုံးပြုံးကြီး ပြောသွားသည်။
နှစ်ဆိတ်ဟိုင်း ပြီ ဆိုတော့.. နှစ်ဆယ်ကျော် သွားပြီပေါ့..
ဟင် ဒီကဗျာက ကြေငြာဝင်တာလား ..
Happy birthday, ko peti. May you be always happy with ur love :D
;)Happy birthday ကပီတိ..လေးဆယ်မရှိသေးရင် ၃၉ပေါ့နော်။
အသက်ရလာတော့ ကျန်းမာရေးကို ဂရုစိုက်.။ သူကလေးနဲ့ အမြဲပျော်ပါစေသတည်း။ သူကလေး =?
နှစ်ဆယ်ကျော် အစိတ်ပိုင်း အရွယ်တော် တဆိတ်ဟိုင်းကနေ အခု နှစ်ဆိတ်ဟိုင်းဆိုတော့ ..
၂၅ ကို ၂ နဲ့မြှောက်တော့.. အားလားးလားးးး
ပီတိ မွေးနေ့လား.....ဟက်ပီးဘဒ်ဒေးပါတော်....
အို ယောင်္ကျားလေးပဲ ဟိုင်းတယ် မရှိပါဘူး ငါ့မောင်လေး ကြိုးစား ပြလိုက်စမ်းဘာ...
အမ Piggy Bank ထဲ ပိုက်ပိုက် စုလိုက်ရတော့မလား
" ပီတိအတွက် လက်ဖွဲ့ရန်" ဆိုပြီးတော့လေ....
အင်း... ၃၉ နှစ်ဆိုတော့လည်း လေးဆယ်မဟုတ်သေးဘူးပေါ့လေ။
ကြိုးစားထား
ကလေးမလေး(တွေ) ကံကောင်းကြမှာပါ.။။ :P
၃၉နှစ်နဲ့ ၁၁လ ပြည့်မွေးနေ့လား။ မဟိုင်းသေးပါဘူး။ အေးဆေးပေါ့။ ကဗျာကိုတော့ သဘောကျသွားပြီ။ မွေးနေ့မင်္ဂလာပါ။
ကာရန်တွေနဲ့ တယ်ဟုတ်နေပါလား။း) မွေးနေ့သာမက အမြဲပျော်ရွှင်ပါစေ။ (လာဆုတောင်းတာ နည်းနည်းနောက်ကျသွားတယ်။)
နှစ်ဆိတ်ဟိုင်း Happy Birthday ပါ ကိုပီတိ
ဒါဆိုပေါင်းကြည့်မယ်... ဟုတ်လား
ခက်လိုက်တာ မိန်းကလေးရယ်
ကဲ လေးဆယ်မပြည့်သေးဘူး၊ ဘေးဖယ်ပါဆို။
ကဗျာကလေးကချစ်စရာလေး
happy birthday ပါ. P.Ti
Post a Comment