အကုန်တူဖို့အရေး တွေးပြီးတော့ မပူဘူး အမ
ကိုယ်တိုင်တောင် တခါနဲ့တခါ တူလာရင် အူတူတူဖြစ်ဖြစ်လာတယ်။
အခြေခံတူ ပညာတူ ၀ါသနာချင်းလည်းတူရင်တော့
ကိုယ့်လူဖြစ်ဖို့ တွေးမိရဲ့။
အခြေခံမတူရင် အလေးထားတာ မတူနိုင်သလို
ပညာမတူရင်လည်း အတွေးများလည်း မတူနိုင်ဘူး... အမရဲ့။
(၀ါသနာမတူတာကမှ အနည်းနဲ့အများ ညှိလို့ရဦးမယ်…)
အချစ်မပါရင်လည်း အပြစ်သာမြင်မိတတ်တာမို့
အဲဒီအတွေးကိုလည်း အရေးထားမိပါသေးရဲ့။
ဒါနဲ့ အမေဆုံးမ အကျိုးအကြောင်းပြတာကတော့
သဘောကောင်း မနောဖြူ လွတ်လပ်ပြီး ဘာသာတူသူတဲ့။
မနောမဖြူရင် အကြောင်းကြောင်းကြောင့် စိတ်ပူရပြီး
ဘာသာမတူရင် သံသရာကို ယုံကြည်သူဖြစ်လို့ အရှုံးကြီးရှုံးရမှာတဲ့…
အဲဒီတော့ ချစ်ချင်ရာချစ် ဖြစ်ချင်ရာဖြစ်ဆိုတာတွေကို
အနှစ်လို့မယူဖို့ကြိုးစား
အရိုးသားဆုံးပြောရရင်…
တွေးပူနေတာ တော်တော်ကြာ
ပြေးယူကြတဲ့ သူငယ်ချင်းတွေတောင် ကလေးသုံးယောက်နဲ့တဲ့ အမ။
Friday, July 9, 2010
ဘာတွေတူ၊ ဘာတွေပူ၊ ဘာကိုယူမှာလဲ
အမသက်ဝေက ရေးခိုင်းလို့ အရှည်ကြီး ရေးမယ်ဆိုပြီးကြိုးစားတာ ဒါလေးပဲထွက်လာလို့… ကျေနပ်ပါနော်အမ။
Posted by
P.Ti
at
Friday, July 09, 2010
Labels: Blog, Tag Game, ကဗျာ, ပီတိအကြောင်း
Subscribe to:
Post Comments (Atom)
16 comments:
အရိုးသားဆုံးပြောရရင်…
တွေးပူနေတာ တော်တော်ကြာ
ပြေးယူကြတဲ့ သူငယ်ချင်းတွေတောင် ကလေးသုံးယောက်နဲ့တဲ့ အမ။.. khit khit... kwieeeeeeee..
:))
fuuny to read this sentence.
:)
Myatnoe
ဟားဟား
သဘောကောင်း မနောဖြူ လွတ်လပ်ပြီး ဘာသာတူသူ... ချစ်စရာ အမေ့စကား...း))
ရေးပေးတာ ကျေးဇူး ကပီတိရေ...
အဲဒီအချက်တွေနဲ့ အကုန် ပြည့်စုံပြီး ကိုယ်တန်ဖိုးထားရာကို ကိုယ်နဲ့အတူ တန်ဖိုးထားတတ်တဲ့သူ... ပြီးတော့ ကိုယ်က ချစ်ပြီး ကိုယ့်ကို ချစ်တဲ့သူနဲ့ အတူ လက်တွဲနိုင်စေကြောင်း ဆုမွန်ကောင်းများ တောင်းလျှက်............
ကပီတိက မမနောဖြူနဲ့ကို့း
တိုတိုလေးနဲ့ ကောင်းတယ်။
နောက်ဆုံးစာပိုဒ်လေး သဘောအကျဆုံးး))
တိုတိုလေးနဲ့ ထိမိပါပေတယ် ကပီတိရယ်...
ဒါ့ကြောင့် ပြောတာ .. အမ ရှာပေးပါ့မယ်။
ဒီကို လာခဲ့ပါလို့..
လျှို မထား နဲ့လေ..
ရေးတတ်ရဲ့ သားနဲ့..း)
ဪ...buy 1 get 3 ကို တွေ့ထားနေပြီပေါ့လေ..
ဘကျောက်ကလည်း ကလေးတွေကို ဘာလိုက်ပြောနေပါလိမ့်နော်။
မအယ်
တယ်မိုက်ပါလား တိ..
(အမေ့စကားလေး သဘောကျတယ်)
ပူမနေနဲ့ အူမနေနဲ့ ငူမနေနဲ့ တူတူမတူတူ ယူသာယူတော့ .. တို့က စားချင်လှပြီ။ :P
ဒီလိုနဲ့ပဲ ဆံပင်တွေဖြူလာ....။
ဒီလိုနဲ့ဘဲ နောက်ဆုံးတော့ သင်္ကန်းကိုသာ ကောက်ယူ လိုက်တော့ မှာလား။ ^-^
တမင် သွေးထိုးစမ်းကြည့်တာ။ ;-)
့
BTW I just got an idea you should see MANI the Parrot?
Yes ... she can choose one for you. :-)
မနီဆီ သွား ဖို့ အကြံ ပေးလိုက်မိတာကို အမြန်ပြန် ရုပ်သိမ်း ပါတယ်။
ကိုပေါဆီသွားဖို့ ကိုလဲ ထပ်မံ အကြံပြုပါတယ်။ ;-)
Post a Comment