ဗုဒ္ဓဘာသာထွန်းကား၏။
အပြာရောင် အနီရောင်နဲ့ ဂိုဏ်းတွေစုံလင်လှ၏။
သစ်ပင်သစ်တောပေါများ၏။
ကွင်းပြင်ကျယ်မှာ တောင်လိုပုံထား၏။
ယဉ်ကျေးသိမ်မွေ့ခြင်းများ ရှိကြ၏။
ဆဲဆိုအော်ဟစ်ခြင်းကို သီချင်းလုပ်ကာ ဆိုကြ၏။
သဘာဝဓာတ်ငွေ့တွေ အလျှံပါယ်ရှိ၏။
ထိုင်းနိုင်ငံကြီးမှာ မီးတွေထိန်ထိန်သာနေ၏။
စာနာကူညီမှုတွေရှိကြ၏။
တံဆိပ်ကပ်သူတွေ များပြားလှ၏။
ရာဇ၀င်များရဲ့ သတို့သမီး ဧရာဝတီမြစ်ကြီးရှိ၏။
ရာဇ၀င်ထဲမှာပဲ ထိုသတို့သမီးကို ထားခဲ့ကြ၏။
ကျေးဇူးတရားတွေ သိတတ်ကြ၏။
ငတိလို့ ခေါ်တာတွေလည်းရှိကြ၏။
ကျောင်းဆေးရုံတွေ အင်မတန်ပေါများလှ၏။
NUS AIT NTU Mahidol SGH Raffles Parkway တို့ကို ပို၍ရင်းနှီးလာကြ၏။
ဂုဏ်ယူစရာ အာဇာနည်တွေ ရှိပါ၏။
အလေးပြုသူများကို ဖမ်းဆီးမယ့်သူတွေ များလာ၏။
ဥယျာဉ်လယ်ယာစိုက်ခင်း ဖြစ်ထွန်းကြ၏။
ဆီအုန်းကူညီခူးသူတွေ ပိုများလာ၏။
လူကြီးများကိုချစ်ခင်ရိုသေကြ၏။
သွေးမတော်သားမစပ်ကို အဘခေါ်ကာ ဦးတော်တင်ကြ၏။
တိုင်းပြည်ကြီးတိုးတက်နေ၏။
ကျွန်ုပ်တို့ သူများတိုင်းပြည်မှာ အလုပ်လုပ်နေကြ၏။
အဲဒါ ငါတို့တိုင်းပြည်လေးမှာလေ...
Tuesday, July 20, 2010
ငါတို့တိုင်းပြည်လေးမှာ
Posted by
P.Ti
at
Tuesday, July 20, 2010
Labels: ဟိုရောက် ဒီရောက်
Subscribe to:
Post Comments (Atom)
6 comments:
ဘာသာတရား၏ အဆုံးအမကြောင့်
အမှန်ကို ပြောတတ်ကြ၏...
သို့သော် မှန်တိုင်းလဲ မကောင်း
အပြစ်ဖြစ်တတ်လေ၏...
အဲဒါ ငါတို့တိုင်းပြည်လေးမှာလေ...
ကျွန်မတို့တိုင်းပြည်လေးမှာ ရေးဖွဲ့စရာတွေက ကုန်ကိုမကုန်နိုင်ပဲနော် ... ဘယ်နေရာမှာဖတ်ဖတ် မထပ်တဲ့ အကြောင်းပြချက်တွေနဲ့ ကျွန်မတို့တိုင်းပြည်လေးက အားခဲနေတုန်းပါပဲ ....
like like (two thumbs up!)
ငါတို့ တိုင်းပြည်လေးကိုငါတို့ ချစ်၏
သို့သော် ငါတို့မပြန်နိုင်ကြသေ့း
“ဂုဏ်ယူစရာ အာဇာနည်တွေ ရှိပါ၏။
အလေးပြုသူများကို ဖမ်းဆီးမယ့်သူတွေ များလာ၏။”
မှန်လိုက်လေ..
ညောင်ဦးဖီးတို့ကတော့ကွာ....
ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ပုဂံပြည်ကြီးအကြောင်းတွေ
ရေးလို့ပါလား...နှစ်၈၀၀ ကျန်ခဲ့ပြီလေ..
Post a Comment